Skip to main content

တန်ဖိုးများနှင့် အခြေခံမူများ

အက္ခရာတွင် ခေတ်မီရေး တီထွင်ဖန်တီးမှု နှင့် လူမှုရေးဝန်ဆောင်မှု ဟူသော အဓိကကျသော တန်ဖိုး ၃ ခုရှိသည်။ ပုဂ္ဂိုလ်ရေးအဆင့်တွင်၊ ၎င်းတို့သည် အခြေခံအုတ်မြစ်ဖြစ်ပြီး လုပ်ဆောင်မှုအားလုံး၏ လမ်းညွှန်ချက်ဖြစ်သည်။

ခေတ်မီရေး

အက္ခရာသည် သင့်လျှော်သလိုပြောင်းလဲနိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ နည်းပညာအသစ်အသစ်တွေကို စမ်းကြည့်ဖို့ မကြောက်သလို ကျရှုံးဖို့လည်း မကြောက်ပါ။ ကွဲပြားရန်မကြောက်ပါ။ အက္ခရာ၏ အဓိက ရည်ရွယ်ချက်တစ်ခုမှာ မြန်မာနိုင်ငံရှိ ဆော့ဖ်ဝဲစံကို ခေတ်မီစေရန်ဖြစ်သည်။ ခေတ်ပြိုင်ဒီဇိုင်းမူများ၊ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုအလေ့အကျင့်များနှင့် ဆော့ဖ်ဝဲလ်ဖန်တီးနည်းအသစ်များကို မြန်မာနိုင်ငံသို့ ယူဆောင်လာလိုပါသည်။

တီထွင်ဖန်တီးမှု

ခေတ်မှီနည်းပညာတို့သည် ရှုပ်ထွေးသောပြဿနာများကိုဖြေရှင်းရန် ဆောင်ကြဉ်းပေးသော်လည်း တီထွင်ဖန်တီးမှုသည်သာ ပင်ကိုယ်ထက် သာလွန်သောနည်းပညာတိုးတက်မှုကို ဖြစ်စေသည်။ ထို့ကြောင့် အက္ခရာ၏အဖွဲ့ဝင်များကို အရည်အချင်းရှိပြီး တီထွင်ဖန်တီးမှုစိတ်ရှိစေရန် ကျွန်ုပ်တို့တိုက်တွန်းပါသည်။

လူမှုရေးဝန်ဆောင်မှု

အက္ခရာ၏တည်ထောင်သည် မျိုးဆက်သစ်နည်းပညာရှင်များအတွက် အတွေ့အကြုံရရှိရန်ဖြစ်သည်။ အက္ခရာ၏ open-sourced မော်ဒယ်နှင့် ပွင့်လင်းမြင်သာမှုတို့သည် ဤပန်းတိုင်ကို အရောက်ပို့ပါသည်။ ဆော့ဖ်ဝဲသည် open-sourced ဖြစ်သောကြောင့် လူအများမှပါဝင်ကူညီနိုင်ပြီး ၎င်းထံမှ သင်ယူနိုင်သည်။ အဖွဲ့အစည်းသည် ပွင့်လင်းမြင်သာမှုရှိသောကြောင့်၊ လည်ပတ်ပုံသည် မြင်သာမှုရှိပြီး ၎င်းထံမှ သင်ယူနိုင်သည်။